ဆရာတော်ဘုရားကြီးနှင့် အမေးအဖြေ (၁)

ဆရာတော်ဘုရားကြီး - သိမှတ်ဖွယ်ရာများ

မေးမြန်းဆွေးနွေးသူ - ဘဒ္ဓန္တသြသဓ

(ပခန်းကျောင်းတိုက်၊ ဟင်္သာတမြို့)

PDFIcon

မိတ်ဆက်လွှာ sayardawii

ကျွန်ုပ်သည် (သဲအင်းဂူ) ဟု ကျော်ကြားသော ဆရတော်ဘရားနှင့် ဆွေးနွေး မေးမြန်းခဲ့ဘူးသော ပုဂ္ဂိုလ်များထဲတွင် -   

  1. သန်လျင်တောရဆရာတော်
  2. ဓမ္မာစရိယ ဦးစိန်ခို
  3. သုံးယောက်မြောက် ဆွေးနွေးမေးမြန်ဖူးသော ပုဂ္ဂိုလ်ဖြစ်ပါသည်။
မြန်မာသက္ကရာဇ်အားဖြင့် (၁၃၂၃) ခုနှစ်ကဖြစ်ပါသည်။ ကျွန်ုပ်အနေနှင့် ရဟန္တာဖြစ်၊ မဖြစ်၊ စစ်၊ မစစ်အနေနှင့် စစ်ဆေးမေးမြန်းလိုသည့် ဆန္ဒဖြင့် တွေ့ဆုံမေးမြန်းခြင်းမဟုတ်ပါ။
စာပေကျမ်းဂန် သင်အံလေ့ကျက်မှု တတ်ကျွမ်းမှုမရှိပဲ မိမိကိုယ်တိုင် အားထုတ်ခြင်းဖြင့် -
  1. ပရမတ်စစ်စစ် ဟောပြတော်မှုရန် လျှောက်ထားတောင်းပန် ပါသည်ဘုရား။
  2. ခန္ဓာငါးပါးဖြစ်ပုံကို ဟောပြပါဦးဘုရား။
  3. ဘုရားနှင့် ရဟန္တာများမှာ ခွေးကိုက်လည်းမနာဘူး။ တုတ်စသည့်နှင့်ရိုက်လည်းမနာဘူးဆိုတာ ဟုတ်ပါရဲ့လား။
ခက်ခဲနက်နဲတဲ့ အမေးများကို အလွယ်တကူဖြေတာကို ထောက်ဆလိုက်ရင် ရဟန္တာဟုတ်ပုံရတယ်။ ဦးဩသဓဆရာတောဘုရားဟု ရန်ကုန်မြို့ ကန်တော်ကလေးရပ်၊ ဦးဖိုးကျော်လမ်း အနောက်ပိန္နဲကုန်ရှိ (ဒေါင်းကျောင်း) နေ အကျွန်ုပ်အား ဦးစိန်ခို အနေနှင့် လာရောက်ပြီး လျှောက်ထားတဲ့အခါ၊ အဲဒိကိုယ်တော်ကြီးကို မောင်စိန်ခို)အနေနှင့်ဘယ်မှာ တွေ့လို့လဲ ပြောစမ်းပါဦးလို့မေးတော့။

တပည့်တော်၊ မင်္ဂလာတောင်ညွန့် စာဖတ်အသင်းမှာ ညက တရားဟောတယ်ကြားလို့ ဒီနေ့ ဆရာတော်ကြီးထံ သွားရောက်ပြီး မေးခဲ့တာပါဘုရား။

အေးအေး ဒီလိုမေးခံတယ်ဆိုရင် သွားပြီးမေးချင်တယ် (မောင်စိန်ခိုလည်း တို့နှင့်တပါတည်း လိုက်ခဲ့ကွာ) ဟုတိုင်ပင်ပြောဆိုကြပြီး ကျွန်ုပ်ရယ်၊ မန္တလေးဦးပဏ္ဍိတရယ် မောင်စိန်ခိုရယ်၊ ဆရာတော်ဘုရားကြီး တရားဟောရာ ဌာနဖြစ်တဲ့ (ယခု အမက-၉) မင်္ဂလာတောင်ညွန့်သို့ သွားကြသော်လည်း ထိုနေ့နံနက်စောစောကပင် သဲအင်းဂူဆရာတော် မှော်ဘီမြို့သို့ ပြန်ကြွသဖြင့် မတွေ့လိုက်ပေ။

မောင်စိန်ခိုငါနဲ့ ဦးပဏ္ဍိတတို့ မှော်ဘီမြို့ သဲအင်းဂူဆရာတော်ထံ ဆက်လက်ပြီးသွားလိုတယ်။ သွားရမည့် ခရီးလမ်းစဉ်သိတဲ့လူ ဒီနားမှာရှာပြီး မေးကြည့်ရအောင်ကွာဟု ပြောပြောဆိုဆို မေးမြန်းကြည့်တဲ့အခါ၊ ယခင်မက္ကာရီလမ်း ယခုသစ္စာလမ်း၊ အမှတ်(၁၆)နေ (ဒကာဦးဘို) ထံ ပထမဆုံး ရောက်ခဲ့ကြပါတယ်။

ဒကာကြီး (ဦးဘို) ဆရာတော်ကို သဲအင်းဂူဆရာတော်ကြီးထံသို့ ယနေ့ပင် သွားလိုသဖြင့် သွားရမည့်ခရီးစဉ်ကို သိချင်လို့ ဒကာကြီထံ လာရောက် မေးမြန်ခြင်းဖြစ်ပါတယ်။

ဘို - ဆရာတော်များဘုရား ဟိုမှာက ရွာဖြစ်နေတော့ ဆွမ်းအတွက် အခက်အခဲရှိပါတယ်။ ဆွမ်းအတွက် မခက်ခဲဘို့ရန် တပည့်တော်တို့ မင်္ဂလာတောင်ညွန့်ရပ်ကွက်က ဝေယျာဝစ္စ လုပ်ဆောင်ရေး အဖွဲ့ဆိုပြီး အဖွဲ့တစ်ခုဖွဲ့ပြီး ဒန်အိုးကြီးငယ်နှင့် စားဖွယ် သောက်ဖွယ်တွေကို ပြည့်စုံအောင် ဝယ်ထားပြီးပါပြီဘုရာ။ ဟောဟိုမှာကြည်ပါဦး။

အရှင်မြတ်တို့ ဒီနေ့တစ်နေ့တော့ ဆိုင်းငံ့ပြီး နောက်တစ်နေ့မှ တပည့်တော်တို့အဖွဲ့နဲ့အတူ သွားကြတာပေါ့ဘုရား၊ အရှင်ဘုရားကိုမေးမြန်းပုံ ဆရာတော်ကြီးက ဖြန်ဖြေပုံတို့ကိုလဲ တပည့်တော်များ စေ့စုံအောင် နာချင်ပါတယ်ဘုရားဟု လျှောက်ထားသဖြင့် နောက်နေ့ရောက်မှ အဖွဲ့သားများနှင့် ဘတ်စ်ကားဖြင့် ဆရာတော်ထံသို့ ရောက်ခဲ့ကြပါသည်။ ခရီးရောက်လျှင်ရောက်ချင်း သဲအင်းအမည်ခံ ကိုတော်ကြီးထံသို့ သွားရောက်ပြီး

- ကိုယ်တော်ကြီးနှင့် တွေ့ရမလားလို့ (မောင်စိန်ခို)နှင့် အတူ အရှင်ဘုရား တရာဟောခဲ့တဲ့ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် စာဖတ်အသင်းသို့ ရောက်ခဲ့ပါသေးတယ်။ မှော်ဘီမြို့သို့ ပြန်ကြွသွားပြီဟု သိရသဖြင့် တပည့်တော် ဒကာ(မောင်စိန်ခို)ကလဲ မေးမြန်းလို့ အလွန်ပဲကောင်းပါတယ်၊ သူမေးတုန်းကလည်း အလွယ်တကူဖြေခဲ့ပါတယ်လို့ ပြောလို့ အရှင်ဘုရားထံ ယခုလာခဲ့ခြင်းပါ။

သဲအင်း - တပည့်တော်အနေနဲ့ လုံးဆင့်ပါဌ်ဆင့် ပါရင်တောင် မဖတ်တတ်ပါဘုရား။ တပည်တော် တရားအားထုတ်စဉ်က တွေ့ဖူးမြင်ဖူးတာကိုပဲ မိမိပြောတတ်တဲ့ စကားနှင့် ပြောတတ်သလို ပြောပြပါတယ်ဘုရား ကဲ မေးပါဘုရား။

နိဗ္ဗာန်ကိုတွေ့ပါပြီ

- ကိုယ်တော်ကြီးအနေနှင့် နိဗ္ဗာန်ကိုရှာခဲ့ရာ နိဗ္ဗာန်ကိုတွေ့ပါပြီလာဘုရား။

သဲအင်း - တွေ့ပါပြီဘုရား။

- တွေ့ပုံကိုပြောစမ်းပါ။

သဲအင်း - အရှင်ဘုရား အနေနှင့်လည်း တပည့်တော်ရဲ့ သတင်းကိုကြားတော့ တပည့်တော့ထံ လာချင်တဲ့စိတ် မဖြစ်ဘူးလားဘုရား။

- ဖြစ်ပါတယ်။

သဲအင်း - ယခုလိုရောက်လာတော့ လာချင်တဲ့စိတ်ချုပ်မသွားဘူးလားဘုရား။

- ချုပ်သွားပါတယ်။

သဲအင်း - အဲဒါနိဗ္ဗာန်ပါပဲ။

- ကိုယ်တော်ကြီးတွေ့တဲ့နိဗ္ဗာန်က တပည့်တော်တို့တွေ့တဲ့ နိဗ္ဗာန်နှင့် ယှဉ်ကြည့်လျှင် တစ်ကွက် နောက်ကျနေပါတယ်။

သဲအင်း - အမိန့်ရှိပါဦးဘုရား။

- တပည့်တော်အနေနျင့် ကိုယ်တော်ကြီးရဲ့ သတင်းကိုလည်း ရှေးယခင်က မကြားဖူးတော့ ကိုယ်တော်ကြီးထံ လာချင်စိတ်လုံးဝ မဖြစ်ပဲ ချုပ်နေပါတယ်။ အဲဒိသဘောကို နိဗ္ဗာန်လို့ သိထားပါတယ်။

သဲအင်း - ပါရမီဖြည့်ခဲ့ကြတာဟာ တစ်ဦးနဲ့ တစ်ဦးတစ်ယောက်နှင့် တစ်ယောက် မတူကြပါ။ တပည့်တော်ကိုဖြည့်ခဲတဲ့ ပါရမီကကိုယ်တိုင် ရှုမှတ်ပွားများပြီး နိဗ္ဗာန်ရောက်ရပါလို၏ဟု ဖြည့်ခဲ့တဲ့ ပါရမီကိုးဘုရား။

- ဝမ်းသာပါတယ် ရှေ့ဆက်ပြီးလျှောက်ပါဦးမယ်။

ကိလေသာကုန်တယ်ဆိုတာ

သဲအင်း - မေးပါတယ်ဘုရား ခဏတော့ ဝင်စားခွင့်ပြုပါ။ ဟိုယခင် တရားအားထုတ်စဉ်က တွေ့ဖူးမြင်ဖူးခဲ့တဲ့ တရားတွေ ပြန်ဆင်ခြင်နေရလို့ ဖြစ်ပါတယ်။

- ကိလေသာကုန်တယ်၊ အလိုရမ္မက် နှစ်သက်မှုတွေ ကုန်တယ်ဆိုတာဟာ အရင်ကဖြစ်ခဲ့ဖူးတဲ့ ရမ္မက်နှစ်သက်မှုတွေ ကုန်တာလား။ ယခုဖြစ်နေတဲ့ အလိုရမ္မက်နှစ်သက်မှုတွေ ကုန်တာလားလို့ မေးရင် ဘယ်လိုအဖြေပေးလဲ။

သဲအင်း - ယခုကုန်တာပါဘုရား။

- ယခုကုန်တယ်ဆိုတာ ဘယ်သဘောကိုပြောတာပါလဲ။

သဲအင်း - ယခုကုန်လို့ ကုန်တဲ့သဘောကို ပြောတာပါဘုရား။

တရားအားထုတ်ရတဲ့အကြောင်းက

- ကိုတော်ကြီးရဲ့ကျင့်စဉ်ကို အနည်းငယ်ပြန်ပြီး ပြောပြစမ်းပါ။

သဲအင်း - တပည့်တော်မှာ မယားလေးယောက်ရှိပါတယ်။ ပထမ မယားနဲ့ နှစ်ဦးသဘောတူကွာရှင်းပြီး ဒုတိယတစ်ယောက်နဲ့ ယူတော့လည်း ဒုတိယယူတဲ့မယားက ခန္ဓာပျက်သွား ပါတယ်ဘုရား။ လက်ရှိမယား နှစ်ယောက်ရှိရာ တယောက်က (ကရင်) ဖြစ်တော့ ရွာမှာပင် လုပ်ကိုင်စားသောက် နေပါတယ်ဘုရား။ လေးယောက်မြောက်မယားက (ရှမ်းအမျိုးသမီး) ပါဘုရား၊ ရန်ကုန်မြို့၊ ကမာရွတ်မှာ သူစီးပွားနှင့်သူ မပူမပင်နေသူပါဘုရား။

သတိရတိုင်း သူထံသို့ မကြာမကြာ သွားပါတယ်ဘုရား။ တစ်နေ့တော့ သူငယ်ချင်း လေးယောက်နဲ့အတူ အရက်တွေမူးပြီး အင်းစိန်သွားတဲ့ လိုင်းကားပေါ် တက်စီးပြီး သွားကြတဲ့အခါ လိုင်ကားက လမ်းဆုံးရောက်အောင် လိုက်မပို့ဘဲ လမ်းတစ်ဝက်မှာ အဆင်းခိုင်းတာနဲ့ ဆင်းခဲ့ပါတယ် အချိန်ကလည်းမရှိ၊ အရက်ကလည်း မူးနေကြတော့ ဟိုရှေ့ကအိမ်ပေါ်တက်ပြီး ဓါးပြတိုက်ကြစို့ကွာလို့ ပြောပြီး၊ အိမ်ပေါ်သို့ တက်စဉ် အိမ်ရှင်က ဓါးနဲ့ခုတ်လိုက်လို့ တပည့်တော်ခေါင်း ဓါးထိသွားပါတယ်ဘုရား။ တပည့်တော်အနေနှင့် နှစ်ပေါင်း နှစ်ဆယ်ကျော်ကျော် ဓါးပြတိုက်လာခဲ့ရာ ဒီတစ်ခါပဲ အထိခံရပါတယ်။ ဘယ်အခါကမှ အထိမခံရဘူးပါ။ တပည့်တော်အနေနှင့် ဒီအိမ်က ပစ္စည်းကို ယူချင်ရချင်တဲ့ စိတ်နှင့်သားတိုက်ပါက တပည့်တော် ဘယ်တော့မှ ဒဏ်ရာမထိပါဘူး။ ယခုအိမ်တိုက်တုန်းက ရယူချင်တဲ့စိတ် လုံးဝမဖြစ်ပဲ မူးမူးရူးရူးနှင့် တိုက်လို့ ဓါးဒဏ်ရာ အထိခံရခြင်းပါဘုရား။ တပည့်တော်ဟာ ဓါးပြပေမယ့် ရတဲ့ပစ္စည်းကို အညီအမျှ ခွဲဝေပေးတာ များပါတယ်။ အဲဒိဒဏ်ရာကို ဆေးကုသရင်း မိန်းမထံမှာ ခဏနေတယ် နှောကုန်သို့ ပြန်လာခါ အင်းအကြားမှာတဲ့ (ကင်ပွန်းချုံ) ထဲဝင်ပြီး ကုသနေရပါတယ်။ ဒဏ်ရာသက်သာတော့ အိမ်ပြန်ပါတယ်။

စွန်းလွန်းဆရာတော်

အိမ်ရောက်တဲ့အခါ ပက်လက်လှန်ပြီး အနားယူတော့ အိမ်အမိုးမှာ ထိုးထားတဲ့ တရားစာအုပ်ကို ယူကြည့်တော့ မြင်းခြံ စွန်းလွန်းဂူကျောင်း ဆရာတော်ကြီး၏ တရားစာအုပ် ဖြစ်နေပါတယ်ဘုရား။ တပည့်တော်အနေနှင့် ပါဌ်ဆင့်ပါတဲ့စာကို မဖတ်တတ်လို့ တရားစာအုပ်ကို အိမ်ခေါင်မိုးမှာပဲ ပြန်ထိုးလိုက်ပြီး ဆရာတော်ကြီးလဲ စာမတတ်ဘူးလို့ ကြားဖူးတယ်။ စာမတတ်ပေမယ့် (နှာသီးဖျားကို လေတိုးထိတော့ သိလိမ့်မယ်တဲ့ အပေါ်သတိထား)ဟု ပြောတဲ့ စကားသံကို ကြားဖူးတဲ့အတိုင်း တပည့်တော်အနေနှင့် (ထွက်လေ၊ဝင်လေ) သတိနှင့်စပြီး ရှုခဲ့ပါတယ်ဘုရား။

ပထမအစ

တပည့်တော်ပြောသလို ပြောရပါက (စိတ်ကလေးကို နှာခေါင်း တင်ထားလိုက်ပါတယ် ဘုရား)။ စိတ်ကို နှာခေါင်းပေါ် တင်ထားလည်းသူက မနေပဲ ခန္ဓာကိုယ်ကြီးရဲ့၊ နာကျင်ကိုက်ခဲတဲ့အပေါ် ပြေးပြေးကပ်ပါတယ်။ အဲဒီလို ဝေဒနာပေါ်ရာ ပြေးကပ်တဲ့ စိတ်ကို နှာခေါင်းပေါ် ဆွဲတင်ထားလိုက်ပြီး သမာဓိနှင့် ဝေဒနာ လုနေရပါတယ်ဘုရား။ လေ့ကျင့် ဖန်များလာတော့ သမာဓိက တမတ်သား၊ ဝေဒနာကသုံးမတ်သား ဖြစ်လာပါတယ်။ ဝီရိယထားပြိး ကျင့်အားကောင်းလာတော့ သမာဓိက  ငါးမူးသား။ ဝေဒနာက ငါးမူးသား ဖြစ်လာပါတယ်။ ရှေ့ဆက်ပြီး ကျင့်ဖန်များလာတော့ သမာဓိက သုံးမတ်သား၊ ဝေဒနာက တစ်မတ်သားပဲ ကျန်ပါတယ်ဘုရား။ မလျှော့သောဇွဲနှင့် အားကုန်ခဲပြီး ကျင့်တဲအခါ (သဲအင်းအနေနှင့် ဇွဲတင်းပြီးကျင့်တဲ့အခါမှာ) သမာဓိက ကျပ်ပြည့်ပြီး ဝေဒနာပေါ် ရောက်တဲ့စိတ်ကို နိုင်ပါတယ်ဘုရား။ အဲဒါပထမနိုင်တဲ့ အဆင့်ပါ ဘုရား။

ဝေဒနာကိုနိုင်တော့ တရားဘယ်လိုထိုင်ထိုင် ဘယ်နှစ်ရက်ထိုင်ထိုင် ညောင်းတာ၊ ကိုက်တာ၊ နာတာ၊ ကျင်တာ မရှိတော့ပါဘူးဘုရား။ နှောကုန်းရွာရှိ ကျောင်းကြီးအောက်မှာ တရားရှုနေတာ ခုနှစ်ရက်လောက် ကြာသွားတယ်။ နေ့ရော၊ ညရော အစာမစားပဲ၊ ရှုနေတော့ တပည့်တော် ထိုင်ပြီး ရှုမှတ်နေရာက လဲသွားပါတယ်။

အဲဒိလို လဲသွားလည်း ထွက်လေဝင်လေအပေါ် ရှုမှတ်တဲ့ သတိကို အပျက်မခံပါဘူးဘုရား။ ဝေဒနာအပေါ် စိတ်မရောက်တော့မှ မှတ်နေရတာကလည်း သက်သာပြီး ချမ်းသာလိုက်တာ ဘုရား။

အဲဒိအချိန်မှ တပည့်တော်ရဲ့မယ်တော်ကြီးက (ငါ့သားအောင်ထွန်းကို) မတွေ့ကြ မမြင်ကြဘူးလားလို့ တွေ့တဲ့သူတိုင်းကို မေးပြီး (သားပျောက်) ကို လိုက်ရှာတော့ တွေ့တဲ့သူ တယောက်က အမေ့သား ဟိုကျောင်းအောက်မှာ တုံးလုံးလဲနေတာကို တွေ့မြင်ခဲ့ရတယ်လို့ ပြောပြတော့ မယ်တော်ကြီးက တပည့်တော်ထံ ရောက်လာပါတယ်။ မယ်တော်ကြီးက ဟဲ့ (အောင်ထွန်း) နင်ထမင်းဘယ်မှာ စားသလဲ။ ဘာဖြစ်နေတာလဲ သားပျောက်လို့ ရှာလိုက်ရတာကွယ်။ ဟောဒီမှာ ထမင်းပါလာတယ်။ စားဦးလို့ ပြောပြောဆိုဆို ထမင်းပေးတဲ့အခါ မေမေကျွန်တော် မဆာပါဘူး၊ ဘာရောဂါမှလည်း မဖြစ်ပါဘူး။ ကျွန်တော်ကျန်းမာပါတယ် ပြောပြတော့ သားရယ် ထမင်းတစ်နပ်လောက် စားပါဦးပြောတာနှင့် တပည့်တော် ထမင်းတစ်နပ်ပဲစားပြီး တရားကိုပဲ ဆက်လက်အားထုတ်ပါတယ် ဘုရား။

အဲဒီလိုပဲ ဆက်လက်ပြီး၊ မပျက်မကွက် အားထုတ်ဖန် များလာတဲ့အခါ အလင်းရောင်ကြီး တစ်ခုပေါ်လာပါတယ်ဘုရား။ အဲဒီလိုပေါ်လာတဲ့ အလင်းရောင်ကြီးနှင့် လက်ကို ကြည့်လိုက်တဲ့ အခါမှာ မွေးညှင်းပေါက်တွေဟာ မှန်ဘီလူးနှင့်ကြည့်တဲ့အခါ မြင်တွေ့ရသလို ငယ်ရာမှ ကြီးလာပါတယ်ဘုရား။ သမာဓိ အားကောင်းလာတဲ့အခါ အပေါက်အပေါက်ကြီးတွေ ဖြစ်လာပြန်တယ်။ ဒီအခါ (အရေထူ) (အရေပါး) (ပြင်ညီ) ကို မတွေ့ရတော့ပဲ အပေါက်ကြီးတွေကိုသာ တွေ့နေမြင်နေရပါတယ်ဘုရား။

(အပေါ်ပေါက်တွေက ကြီးလာ။ ကျယ်လာတော့ အတွင်းက (အရိုး) တွေကို မြင်လာပြန်ပါတယ်။ (အရိုး)ကို စမြင်တုန်းကတော့ နွားရိုး များမြင်သလို အတုံးအခဲအနေနှင့် မြင်နေပါတယ်။ နောက်သမာဓိအား ကောင်းအောင်မွေးပြီး စူးစိုက် ကြည့်လိုက်တဲ့အခါ သိပ်ပြီး မာကျောနေတာမဟုတ်ပဲ အပေါက်ကလေး၊ ကလေးတွေမှာ ကျဲကျဲလာတာ တွေ့ရပြန်ပါတယ်ဘုရား။ ဪ အမှုန်အမွှားကလေး စုပေါင်းထားတာပါကလားလို့ သိခဲ့ရပါတယ်ဘုရား။ (မိန်းမ)မဟုတ် (ယောက်ျား)မဟုတ် အမှုန်အမွှားလေးတွေသာ ဟုတ်တယ်လို့ ဆုံးဖြတ်တဲ့ ဉာဏ်ပေါ်လာပါတယ် ဘုရား။

- ကိုယ်တော်ကြီး ဒီနေရာမှ ခဏရပ်ကြပြီး မေးစရာရှိလို့ သိလိုရေးနှင့် မေးစမ်းပါရစေ။

သဲအင်း - မေးပါဘုရား။ မေးပါ။

- ရွှေဘိုမြို့ရိပ်သာတစ်ခုမှာ ထူးဆန်းတဲ့ သီလရှင်တစ်ပါးထံ ရောက်သွားတော့ဆရာလေး တရားပူဇော်လိုပါတယ်။ အချိန်ကလည်း ၁၅မိနစ်၊ မိနစ်၂၀လောက်ပဲရပါတယ်။ တရားဝင်စားပြ စမ်းပါလို့ တောင်းပန်တော့ အရှင်ဘုရားမှာပါလာတဲ့ နာရီကို အရှင်ဘုရားကြည့်ထားပါ။ တပည့်တော်မ ၁၅မိနစ်တိတိ တရားဝင်စား ပြပါမယ်ဆိုပြီး၊ လက်အုပ်ချီမိုး ရှိခိုးကာ တရားဝင်စားပြပါတယ်။ အဲဒီအခါ တကိုယ်လုံး လှုပ်ရှားမှုမရှိဘဲ ချုပ်ငြိမ်းသွားပါတယ်။ ၁၅မိနစ်ပြည့်တဲ့အခါ ကိုယ်လုံးလှုပ်ရှာလားပြီး လက်အုပ်ချီမိုး ရှိခိုးဦးချ လိုက်ပါတယ်ဘုရား။ အဲဒိလို (မိနစ်စက္ကန့်) တိကျအောင် ဘယ်လိုသိရပါလဲအရှင်ဘုရား၊ ဝင်စားဘူးရင် ပြောပြစမ်းပါဘုရား။

သဲအင်း - သမာဓိအားကောင်းလာတော့ သမာဓိရဲ့ အရောင် တောက်ပြောင် လာပါတယ်။ အဲဒိသမာဓိအရောင်နဲ့ အာရုံတစ်ခုအပေါ် စူးစိုက်ပြီး ကြည့်လိုက်တဲအခါမှာ အရှင်ဘုရားကို နာရီ၊ ရက်၊ မိနစ်၊ စက္ကန့်တွေကို ပကတိမျက်စိနှင့် မြင်နေသလို တပည့်တော်တို့လည်း သမာဓိအလင်းရောင်ဖြင့် မြင်နေပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ အချိန်တိကျအောင် ပြောနိုင်တာပါဘုရား။

- သာဓုပါ ကိုယ်တော်ကြီး။ ပြောလက်စတရားကို ဆက်ပြီးပြောကြပါစို့ (အရေတွေရော) အရိုးတေါပါ (အမှုန်အမွှား) အနေနဲ့ မြင်နေသလိုသက်ရှိ၊ သက်မဲ့၊ ရှိရှိသမျှ ကိုယ်အပေါ်မှာလည်း၊ အမှုန်တွေအမွှားတွေလို၊ သိနေမြင်နေပြီနော်၊ အဲဒီအတိုင်း ဟုတ်ပါရဲ့လား။

သဲအင်း - အဲဒီအတိုင်းမြင်ပါတယ်ဘုရား။ ပထမစမြင်ပုံကတော့ အမှုန်အမွှားတွေ အများကြီးမြင်ပါတယ်။ သမာဓိအား ကောင်းလာတဲ့အခါ စူးစိုက်ပြီး ကြည့်လိုက်တော့ (တစ်မှုန်) တည်းကိုသာ မြင်ပါတော့တယ်ဘုရား။ ဥပမာအားဖြင့် (ဒကာဘို) ဝတ်ထားတဲ့ပုဆိုးကို ကြည့်လိုက်တဲ့အခါ အကွက်ပေါင်းများစွာ ပထမမြင်ပါတယ်။ နောက်တော့ (တစ်ကွက်) တည်းကိုသာ စူးစိုက်ကြည့်လိုက်တဲ့အခါမှာ ကျန်တဲ့အကွက်တွေရဲ့ အပေါ်သို့ စိတ်မရောက် နေသလိုပါပဲဘုရား။ တပည့်တော်ရဲ့ စိတ်ဟာလည်း (မိမိကြည့်တဲ့အမှုန်) တစ်ခု တည်းပေါ်မှာသာ ရောက်နေပါတယ်။ အဲဒီလို မြင်နေတဲ့ အမှုန်ကလေးဟာလည်း ဖြစ်လိုက်ပျက်လိုက် အနေနှင့် ဖောက်ပြန် ပြောင်းလဲနေတာကို တွေ့ရပြန်ပါတယ်။ ကျန်တဲ့ အမှုန်တွေကိုလည်း တပ်တူမြင်လာပါတယ်။ အဲဒိသဘောကို သတိပြုကြည့်ရှုနေတဲ့ အမှုန်ကလေးဟာ ပျောက်သွားပါတယ်။ ရှာမတွေ့တော့ပါဘူး။ ဒါနဲ့ငါ့မှာ (ဖြစ်ပျက်)တော့ ပိတ်သွားပြီ။ (ဖြစ်ပျက်) ကို ရှာဦးမှပဲဆိုပြီး ရှာပါသော်လည်း မတွေ့ပဲဖြစ်နေပါတယ်။ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ ရှေးကမြင်ဖူးတဲ့ (ဖြစ်ပျက်) ကိုပဲ သတိရရနေတော့ ကဲ စိတ် (ဖြစ်ပျက်) ရှိတုန်းကရှိတဲ့ ဖြစ်ပျက်ကို မြင်တာကိုထား ယခုမြင်စရာမရှိတဲ့ (ဖြစ်ပျက်) ကို နင်ဘာကို သတိရရနေတာလဲလို့ ဆင်ခြင်မိတဲ့အခါ လူတစ်ယောက် တပည့်တော်၏ အနီးကို ကပ်ရောက်လာပြီး နင်မရှိတာကို ငါဘာလို့ လိုက်ရှာနေတာလဲလို့ ပြောပြလိုက်တော့မှ တပည့်တော် လိုက်ရှာမှု  ငြိမ်းသွားပါတယ်ဘုရား။ ဆရာတော်ဘုရား အဲဒိအခါမှာ ဥပါဒါန်အကြောင်း သိရပါတယ်ဘုရား။ အနီးအနားသို့ လာပြောတာဟာ လူမဟုတ်ပါဘူးဘုရား (အသိဥာဏ်ပါ) ဘုရား။

- ကြားရတာ ဝမ်းသာလှပါတယ် ကိုယ်တော်ကြီးဘုရား။

သဲအင်း - အရှင်မြတ်တို့နှင့်တွေ့ရတာ တပည့်တော်လဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ယခုမြင်လို့  ပြောတာမဟုတ်ပါဘုရား။ အရင်ရှုမှတ် အားထုတ်စဉ်က မြင်ဘူးတာတွေကို ပြန်လည်ဝင်စားပြီး ပြောတာပါဘုရား။ ခဏခေတ္တဝင်စားခွင့်တော့ ပြုပါဘုရား။

- အဲဒီလို ခန္ဓာကိုယ်ရဲ့ အမှုန်အမွှားတွေကို မြင်ပြီးနောက် ရှေ့ဘယ်လို ဆက်ရူရပါသေးလဲ။

သဲအင်း - ပျောက်ဆုံးသွားတဲ့ ဖြစ်ပျက်အား ပြန်လည်သတိရမှုကိုပါ နှစ်ခုလုံးချုပ်ငြိမ်းတဲ့တရားနှင့် နေ့စဉ် အင်အားကြီး သုံးနေတော့ ဖားသံ၊ ပုရစ်သံ၊ ခြင်သံ၊ ခွေးသံတွေက ဆူဆူညံညံနှင့်  အနှောက်အယှက်ပေးသလို ခံစားပါတယ်ဘုရား။ ဒါနဲ့ အသံလွတ်ရာ ရှာမယ်ဆိုပြီး အထက်အောက် တောင်မြောက်ဝဲယာ ရှာပါသော်လည်း အသံမရှိတဲ့နေရာ ရှာမတွေ့တော့ ဆင်းရဲလာပြန်ပါတယ် ဘုရား။ ဆူညံတဲ့ အသံတွေက တပည့်တော်ရဲ့ တစ်ကိုယ်လုံးကို လှံကြီးလှံငယ် အသွယ်သွယ်နှင့် ထိုးဆွနေသလို ဆင်းရဲ့တဲ့ ဒဏ်အကြီးအကျယ် ခံစားနေရပါတယ်ဘုရား။ ခံစားနေရတဲ့ ဆင်းရဲ့မှ လွတ်ရာတရားကို ရှာဖွေလိုက်တဲ့အခါ ဪ နားပါလို့  ဒီအသံတွေကို ကြားနေရတာဘဲ။ နားပါလို့ ကြားနေရတာမှန်လို့ မကြားချင်တဲ့ (အလို) ကြောင့်ဖြစ်လာတဲ့ (ဆင်းရဲ) ကို သိလာပြန်ပါတယ်။  ဆင်းရဲတွေကလည်း အဆင့်ဆင့် သိပုံတွေကလည်း အဆင့်ဆင့်ကိုဘုရား။ အဲဒီလိုသိတော့ မဆင်းရဲတော့ဘဲ ချမ်းချမ်းသာသာ နေလို့ ရသွားပါတယ်ဘုရား။ ဆင်းရဲ့တွေဟာဘာနှင့်တူသလဲဆိုတော့ ကိုက်စားဝါးမျိုတတ်တဲ့ ကျားတွေ၊ ဆင်တွေ၊ ခြင်္သေ့တွေနှင့် တူပါတယ်ဘုရား။ တပည့်တော်က ဝါးမျိုမှာ ကြောက်ပြီးတော့ လွတ်ဖို့ဆိုပြီး၊ လွတ်ရာဖြစ်တဲ့ နေရာသို့ ရှေ့ကဒုံးပြေး သူတို့က ဝိုင်းအုံပြီး နောက်ကလိုက် အသည်းလှိုက်အူလှိုက် တုန်တုန်ခိုက်ခိုက် မောဟိုက်နေတုန်း လွတ်မယ့် နေရာကြီး တစ်နေရာကို မလှမ်းမကမ်းမှာ တွေ့မြင် ရပါတယ်ဘုရား။ အဲဒီနေရာကြီးမှာလည်း အလွန်တရာမြင့်မားတဲ့ မဟာရာမ်တံတိုင်းကြီးတစ်ခု ကာရံထားတာကို တွေ့မြင်ရတော့ တံတိုင်းကိုကျော်လွှားဖို့ရာ အပြေးလာရတာကြောင့် လူကမောပန်း၊ အားကမရှိ ဖြစ်နေပါတယ်။ ဒီလိုသာနေရင်းဖြင့် ကျား၊ ခြင်္သေ့တွေမှီလာရင် ငါ့ကိုကိုက်စား ဝါးမျိုခံရတော့မှာပဲဟု ရှိသမျှအားနှင့် တံတိုင်းကြီးရဲ့ ဟိုတစ်ဖက်သို့ ရောက်အောင်ခုန်ပြီး ကျော်လွှားကြည့်တဲ့အခါ ကျား၊ ခြင်္သေ့ဘေး ကင်းဝေးလွတ်မြောက်တဲ့ နေရာသို့မရောက်ပဲ တားဆီးထားတဲ့ မဟာရာမ် တံတိုင်းကြီးပေါ်မှာ ဖင်ထိုင်လျှက်သား ဖြစ်နေပါတယ်ဘုရား။

ပင်ပန်းနွမ်းဟိုက်လာတော့ ခြေနှစ်ဘက်ကို မရုပ်သိမ်းနိုင်ဘဲ ခြေနှစ်ဘက်က အောက်သို့ တွဲလွဲကျနေပါတယ်ဘုရား။ အင်းဒီလိုသာ ခြေနှစ်ဘက်ကို တံတိုင်းအပေါ်ရောက်အောင် မတင်နိုင်ရင် ကျားတွေ၊ ခြင်္သေ့တွေက ခုန်ဆွဲပြီး ကိုက်ခဲဦးမှာသေချာပါတယ်။ အားကိုမွေးပြီး ရုပ်သိမ်းသော်လည်း မရတာနှင့် မထူးတော့ပါဘူး သေချင်လည်း သေပေ့စေတော့ဟု ဆုံးဖြတ်ပြီး တစ်ဘက်သို့ လှဲချလိုက်တော့မှ ကျား၊ ခြသေ့င်္တို့ရဲ့ ဘေးလွတ်ရာကို ရောက်သွားခဲ့ ပါတယ်ဘုရား။

(အားမွေးတယ်ဆိုတာ) သမာဓိအားပါဘုရား။

(ဘေးလွတ်ရာ) ဆိုတာ ဆင်းရဲတဲ့ ဘေးတို့ရဲ့ လွတ်ရာပါဘုရား။ မဟာရာမ် တံတိုင်းကြီးရဲ့ ထိပ်ခေါ်တဲ့ အမြင့်ဆုံးနေရာက အောက်သို့ ကြည့်လိုက်တဲ့အခါ ကိုယ့်ဘဝ ဖြစ်စဉ်တွေကိုလည်း သိမြင်ခဲ့ပါတယ်။ သူတပါးရဲ့ ဘဝဖြစ်စဉ်တွေကိုလည်း ထိုက်တန်သလောက် သိမြင်လာပါတယ်။ အဲဒိတုန်းကတွေ့ခဲဘူး၊ မြင်ခဲ့ဘူး၊ သိခဲ့ဘူးတာတွေကို၊ အရှင်မြတ်က မေးတဲ့အခါ ပြန်လည်အောက်မေ့ပြီး၊ ဖြေခဲ့ခြင်းပါဘုရား။

- ကိုယ်တော်ကြီးဖြေတာကို မဟုတ်ဘူး၊ ဟုတ်တယ်၊ မမှန်ဘူး၊ မှန်တယ်လို့ ဝေဖန်ဘို့မေးတာ မဟုတ်ပါဘူး။ စာပေကျမ်း မတတ်ဘဲနှင့် ကိုယ်တိုင်အားထုတ်လို့ တွေ့မြင်သိရှိလာတဲ့ ကိုယ်သိကိုယ်မြင် တရားတွေကို စာစကားမဖက် ဗမာစကားသက်သက်ဖြင့်ပြောတာ အတူယူချင်လို့ မေးတာပါဘုရား။ မေးသမျှတွေကို စိတ်ရှည်ရှည် ဖြေကြားလို့ ဝမ်းသာအားရ ဖြစ်မိပါတယ်။

သဲအင်း - နောင်လည်းကြွလာတော်မူကြပါဘုရား။

- မကြာမကြာလာရန် စိတ်ကူးထားပါတယ်။